• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Collagen(ကော်လာဂျင်)
Collagen(ကော်လာဂျင်)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Collagen(ကော်လာဂျင်)

SGD 16.00
    Description

    ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
    ပင်လယ်ငါးမှ ရရှိသော ကော်လာဂျင် …………….. ၂၅၀ မီလီဂရမ်
    ဆီးဖြူသီးအမှုန့် …………………………………………………၅၀ မီလီဂရမ်

    ရရှိနိုင်သော အကျိုးကျေးဇူးများ
    ◆ အသားအရေ တင်းရင်းစိုပြေလှပစေခြင်း
    ◆ ဆံသားနှင့် ခြေသည်းလက်သည်းများ ကောင်းမွန်သန်စွမ်းစေခြင်း
    ◆ ခန္ဓာကိုယ် သွယ်လျကျစ်လျစ်စေခြင်း

    FAME မှ ထုတ်လုပ်သော ကော်လာဂျင်ကို သဘာဝမှရသည့် type (1) collagen peptides အမျိုးအစားဖြင့် ဖော်စပ်ထုတ်လုပ်ထားပါသည်။ လူ့ခန္ဓာကိုယ်ရှိ တွယ်ဆက်တစ်သျှူးများနှင့် အရေပြားတွင် တွေ့ရသော ပရိုတင်း ၇၅% ကို ကော်လာဂျင်ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းင်းကော်လာဂျင်သည် အသားအရေကို တင်းရင်းလှပ၍ နူးညံ့ပျော့ပျောင်းစေရန်အတွက် မရှိမဖြစ် လိုအပ်သည်။ collagen peptides တွင် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များလည်း ပါဝင်သည်။

    သုတေသနလုပ်ဆောင်ချက်များအရ collagen peptides ကို ခန္ဓာကိုယ်မှ ကောင်းစွာစုပ်ယူပြီး အရေပြားအတွင်းဆုံးလွှာအထိ ပို့ဆောင်ပေးနိုင်ကြောင်း တွေ့ရှိရသည်။ တွယ်ဆက် တစ်သျှူးများနှင့် အရေပြားအတွက် လိုအပ်သောပစ္စည်းများကို ထုတ်ပေးသည့် fibroblasts များကို ပွားများစေပြီး ၎င်းင်းတို့၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် လှုံ့ဆော်ပေးသည်။ ကောင်းမွန်သော ကော်လာဂျင်အမျှင်များကိုလည်း ပိုမိုများပြားလာစေသည်။ Hyaluronic acid ထုတ်လုပ်ခြင်းကို အားပေးပြီး ခရမ်းလွန်ရောင်ခြည်အေမှလည်း ကာကွယ်ပေးသည်။ ကော်လာဂျင်ကို (၁၂) ပတ်ကြာ အသုံးပြုပြီးနောက် သိသာထင်ရှားစွာ အသားအရေ တင်းရင်းလှပလာသည်ကို လေ့လာတွေ့ရှိရပါသည်။

    Arginine ဟုခေါ်သည့် အမိုင်နိုအက်ဆစ်သည် ဆံသားသန်စွမ်းစေရန်အတွက် အရေးကြီးသော အာဟာရဓာတ် တစ်မျိုးဖြစ်သည်။ ကော်လာဂျင်သည် ဆံသားအရင်းသို့သွားသော သွေးကြောလေးများကို သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ၎င်းင်းတွင်ပါဝင်သော Arginine သည် ဆံပင်ကျွတ်ခြင်းကို လျော့နည်း သက်သာစေသည်။ သုတေသနများအရ collagen peptides ကို နေ့စဉ်မှီဝဲပါက ခြေသည်းလက်သည်းများ ကြွပ်ဆတ်ခြင်းမှ ကာကွယ်ပေးပြီး ကောင်းမွန်လှပစေနိုင်ကြောင်း တွေ့ရပါသည်။

    ကော်လာဂျင်သည် အသည်းတွင် အဆီများစုပုံလာခြင်းကို ဟန့်တားပေးပြီး အဆီတစ်သျှူးတွင် သိုလှောင်ထားသော အဆီများကို လျော့နည်းစေသောကြောင့် ခန္ဓာကိုယ်သွယ်လျကျစ်လျစ်ပြီး အဆီကျလှပစေပါသည်။

    သုံးစွဲရန်ဆေးပမာဏ
    လူကြီး – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာနှင့်ခြား၍ ရေများများဖြင့် သောက်ပါ။
    လိုအပ်ပါက ဆေးတောင့် ၁၀ တောင့် အထိ တိုး၍သောက်နိုင်သည်။

    ဘေးထွက်ဆိုးကျိုး
    အချို့သောသူများတွင် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်တတ်ပါသည်။

    သတိပြုရန်
    ပင်လယ်စာများနှင့် မတည့်သောသူများ မသောက်သင့်ပါ။ ဆေးစတင်သောက်ပြီး ဆေးမတည့်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက
    ဆေးကို ဆက်မသောက်ဘဲ ရပ်ထားရန်။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP