• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
WoundHealer®(အနာကျက်သောက်ဆေး)
WoundHealer®(အနာကျက်သောက်ဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

WoundHealer®(အနာကျက်သောက်ဆေး)

SGD 7.00
    Description

    ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများ
    နနွင်းအဆီအနှစ် …………………………….. ၁၅၀ မီလီဂရမ်
    ရှားစောင်းလက်ပပ် အဆီအနှစ် ……… ၁၀၀ မီလီဂရမ်
    ဒန်းကြီးအဆီအနှစ် …………………………… ၅၀ မီလီဂရမ်
    ဆီးဖြူသီးအမှုန့် ……………………………….. ၅၀ မီလီဂရမ်

    ဆေးဖက်ဝင်အာနိသင်
    နနွင်း တွင် ပါဝင်သော curcumin ဒြပ်ပေါင်းသည် သဘာဝတွင် တွေ့ရသည့် အစွမ်းအထက်မြက်ဆုံးသော အနာကျက်စေသည့် ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ သွေးကြောတွင်း သွေးခဲပိတ်ဆို့မှုကို ဟန့်တားစေခြင်းဖြင့် ရောင်ရမ်းခြင်းအမျိုးမျိုးကို လျော့နည်းသက်သာစေပါသည်။ ဘက်တီးရီးယား ဆဲလ်နံရံထုတ်လုပ်မှုကို ရပ်တန့်စေခြင်းဖြင့် ပိုးပေါက်ပွားမှုကို တားဆီးပေးသည်။ ထို့အပြင် အရေပြားပေါ်၌ စွဲကပ်နေသော မှိုများကို သေစေပြီး ပွေး၊ ဝဲ၊ နှင်းခူ နှင့် အချို့သော အရေပြားရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။

    ရှားစောင်းလက်ပပ် တွင် အနာကျက်မြန်စေသော ဆေးဖက်ဝင်ဒြပ်ပေါင်းများ ပါရှိသည်။ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပြီး အရောင်ကျစေသော အာနိသင်လည်း ရှိပါသည်။ အနာဆွေးများကို ဖယ်ရှားပြီး အသားနုတက်ခြင်းကို လျင်မြန်စေပါသည်။

    ဒန်းကြီး သည် အရေပြားတွင်ဖြစ်သော အနာစိမ်းရောဂါကို အလွန်နိုင်နင်းသော ဆေးဖက်ဝင်အပင်ဖြစ်၍ ရှေးယခင်ကတည်းက သုံးစွဲခဲ့ကြပါသည်။ အရေပြားပွန်းပဲ့ရှနာကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။

    ဆီးဖြူသီး တွင် သဘာဝဗီတာမင်စီနှင့် SOD အင်ဇိုင်းများ ပေါများစွာ တွေ့ရှိရပါသည်။ ထိုဒြပ်ပေါင်းများသည် အရေပြားအပြင်လွှာ တစ်သျှူးကို ဖြစ်စေသော ပရိုတင်းတစ်မျိုးဖြစ်သည့် collagen ထုတ်လုပ်ခြင်းတွင် မရှိမဖြစ် လိုအပ်ပါသည်။ collagen သည် အရွတ်နှင့် သွေးကြောများ ဖြစ်ပေါ်မှုတွင် များစွာ အရေးပါသည်။ သဘာဝဗီတာမင်စီနှင့် SOD အင်ဇိုင်းသည် အရေပြားတွင် အနာများဖြစ်ပွားမှုကို ကာကွယ်ရန်နှင့် ဒဏ်ရာများ အနာကျက်မြန်စေရန် များစွာအထောက်အကူပြုသည်။

    သုံးစွဲနိုင်သောရောဂါများ
    ◆ အပူလောင်ဒဏ်ရာ
    ◆ ခွဲစိတ်ဒဏ်ရာ
    ◆ အရေပြား ထိခိုက်ရှနာဒဏ်ရာတို့တွင် အနာကျက်မြန်စေရန် သောက်သုံးနိုင်ပါသည်။

    သုံးစွဲရန်ဆေးပမာဏ
    တစ်ခါသောက် ဆေးပြား တစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

    ဘေးထွက်ဆိုးကျိုးများ
    ဆေးသောက်နေစဉ်အတွင်း အချို့သောသူများတွင် ဝမ်းချုပ်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

    သတိပြုရန်
    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သည်းခြေကျောက်ရှိသူများ၊ သွေးအားနည်းသူများ ကျွမ်းကျင်သော သမားတော်နှင့် ပြသပြီးမှ အသုံးပြုပါ။
    မည်သို့သော ခွဲစိတ်မှုမျိုးတွင်မဆို မခွဲစိတ်မီ နှစ်ပတ်ကြိုတင်၍ ဆေးသောက်သုံးမှုကို ရပ်တန့်သင့်ပါသည်။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP