• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Wheatgrass(ဂျုံမြက်နုဆေး)
Wheatgrass(ဂျုံမြက်နုဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Wheatgrass(ဂျုံမြက်နုဆေး)

SGD 10.00
    Description

    ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
    ဂျုံမြက်နုအမှုန့် ……………… ၃၀၀ မီလီဂရမ်

    ဆေးဖက်ဝင်အာနိသင်များ
    ၁။ ဂျုံမြက်နုတွင် ဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် နှလုံးနှင့် သွေးကြောများအတွင်း သွေးလှည့်ပတ်မှု စနစ်လုပ်ငန်းနှင့် ကိုယ်ခံစွမ်းအားစနစ် လုပ်ငန်းများအတွက် အထောက်အကူပြုပါသည်။ ပိုတက်စီယမ် ပါဝင်သဖြင့် အနာကျက်မြန်စေပါသည်။

    ၂။ ဂျုံမြက်နုတွင် အင်ဇိုင်းပေါင်း (၈၀) ကျော် ပါဝင်သဖြင့် အစာကြေလွယ်စေခြင်း၊ အဆိပ်အတောက်ပြေစေခြင်းနှင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဓာတုပြောင်းလဲမှုဖြစ်စဉ်များ ပုံမှန်ဖြစ်ရန် ထိန်းသိမ်းပေးနိုင်ခြင်းဖြင့် အရွယ်တင်နုပျိုစေပါသည်။

    ၃။ ဂျုံမြက်နုတွင် အာနိသင်ကောင်းသော young chlorophyll များစွာ ပါဝင်ပါသည်။ လူ့ခန္ဓာကိုယ် သွေးတွင်းရှိ သံဓာတ်သယ်ဆောင်ပေးသည့် haemoglobin နှင့် chlorophyll မှာ ဆင်တူပါသည်။ သုတေသန စာတမ်းများအရ သွေးအားနည်းသော တိရစ္ဆာန်များကို chlorophyll များစွာ ပါဝင်သည့် အစားအစာများ ကျွေးမွေးခြင်းဖြင့် သွေးအားပြန်ကောင်းလာသည်ကို တွေ့ရှိခဲ့ပါသည်။

    ၄။ Antioxidant ဂုဏ်သတ္တိရှိသဖြင့် ဇီဝဖြစ်စဉ်၏ ပျက်စီးနေသည့် ဘေးထွက်ပစ္စည်းများကို ခန္ဓာကိုယ်မှ ဖယ်ထုတ်ပေးပါသည်။ ယင်းသို့ဖြင့် ကလာပ်စည်းများအတွင်းရှိ ဓာတုပစ္စည်းများ ပါဝင်မှု အချိုးအဆထိန်းညှိသွားပြီး အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါသည်။

    ၅။ သိပ္ပံပညာရပ်ဆိုင်ရာ အထောက်အထားများအရ ဟင်းသီးဟင်းရွက်စားသူများတွင် အဖုအကျိတ်ရောဂါ ဖြစ်ပွားနှုန်း သိသိသာသာ နည်းပါးကြောင်း သိရှိရပါသည်။

    ရရှိနိုင်သောအကျိုးကျေးဇူးများ
    ◆ အရွယ်တင်နုပျိုစေရန်
    ◆ အဆိပ်အတောက်များကို ဖယ်ရှားရန်
    ◆ သွေးအားနည်းရောဂါကို ကုသရန်
    ◆ နာလန်ထစလူမမာများ အားအင်ပြည့်စေရန်

    သုံးစွဲရန်ဆေးပမာဏ
    ၂ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးတောင့် တစ်တောင့်၊
    ၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတောင့် နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

    ဘေးထွက်ဆိုးကျိုး
    သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

    အသုံးမပြုသင့်သောအခြေအနေ
    ဂျုံမြက်နုနှင့် မတည့်လျှင် မသောက်သုံးရပါ။

    အခြားဆေးများနှင့် ဓာတ်ပြုမှု
    Warfarin (သွေးကျဲဆေး) နှင့် တွဲဖက်၍ မသောက်သုံးရပါ။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP