• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Urocrush®(ဆီးကျောက်ပျော်ဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Urocrush®(ဆီးကျောက်ပျော်ဆေး)

SGD 10.00
    Description

    ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
    ကျောက်ကွဲပင် ……………….. ၁၀၀ မီလီဂရမ်
    အလိုကျူအဆီအနှစ် ……… ၁၀၀ မီလီဂရမ်
    နတ်ဆေးဂမုန်း …………………. ၈၀ မီလီဂရမ်
    သံမနိုင်ကျောက်မနိုင် ……….. ၂၀ မီလီဂရမ်

    ဆေးဖက်ဝင်အာနိသင်များ
    ဆီးကျောက်ပျော်ဆေး တွင်ပါဝင်သော ဆေးဖက်ဝင်အပင်များတွင် Glycosaminoglycans ဟုခေါ်သည့် ဒြပ်ပေါင်းများ ပါဝင်ပါသည်။ ယင်းဒြပ်ပေါင်းများသည် ကယ်လ်စီယမ်အောက်စလိတ်များ ဆီးတွင်း အနည်ကျခြင်းကို ဟန့်တားပေးနိုင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးတွင်းအနည်ကျပြီး ဖြစ်ပေါ်လာသေ အစိုင်အခဲလေးများကြောင့် ကျောက်ကပ်ရှိ ကလာပ်စည်းများ ထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေသည်။ ဆီးကောင်းစွာ သွားစေခြင်း၊ ဆီးတွင်းအနည်ကျမှုကို တားဆီးပေးခြင်းနှင့် ဓာတ်တိုးဆန့်ကျင်ပေးနိုင်ခြင်း စသည့် အာနိသင်တို့ကြောင့် ဆီးကျောက်တည်ခြင်းကို ဟန့်တားပေးနိုင်ခြင်း ဖြစ်ပါသည်။

    ယင်းအပင်များတွင် သဘာဝဒြပ်ပေါင်းများစွာ ပါဝင်ပါသည်။ ထိုဒြပ်ပေါင်းများသည် ဆီးကျောက်တည်ခြင်းကို နည်းလမ်းအသွယ်သွယ်ဖြင့် တားဆီးပေးနိုင်သည်။

    ဆီးတွင်း အစိုင်အခဲလေးများ ဖြစ်ပေါ်ခြင်း၊ စုဝေးပြီး ကြီးထွားလာခြင်းတို့ကိုလည်း ဟန့်တားနိုင်စွမ်း ရှိပါသည်။

    အောက်စလိတ်အစိုင်အခဲလေးများ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို ထိန်းညှိဆောင်ရွက်ပေးခြင်းနှင့် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေသောကြောင့်
    ဆီးလမ်းကြောင်းတွင် ထပ်မံကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

    သုံးစွဲနိုင်သောရောဂါများ
    ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းကို ကာကွယ်ရန်အတွက် လည်းကောင်း၊ ကုသရန်အတွက် လည်းကောင်း အသုံးပြုနိုင်ပါသည်။

    သုံးစွဲရန်ဆေးပမာဏ
    လူကြီး – ကြိုတင်ကာကွယ်လိုသူများ တစ်နေ့လျှင် ဆေးတစ်တောင့်၊ ဆီးကျောက်ဝေဒနာရှင်များ တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ သုံးကြိမ် အစားမစားမီ ရေများများနှင့် သောက်ပါ။

    ဘေးထွက်ဆိုးကျိုး
    အချို့သောလူများတွင် သွေးပေါင်ချိန် အနည်းငယ် ကျတတ်ပါသည်။

    အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
    Probiotics supplement ဖြစ်သော ဒိန်ချဉ်ဆေး နှင့် တွဲဖက်သောက်သုံးပါက အာနိသင် ပိုမိုထက်မြက်ပါသည်။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP