• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Propolis Honey Antiseptic lotion(အနာကျက်ပျားကော်ဆေးရည် Antiseptic lotion)
Propolis Honey Antiseptic lotion(အနာကျက်ပျားကော်ဆေးရည် Antiseptic lotion)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Propolis Honey Antiseptic lotion(အနာကျက်ပျားကော်ဆေးရည် Antiseptic lotion)

SGD 3.00
    Description

    ဆေးတစ်ဘူးတွင် ပါဝင်သောဆေးပစ္စည်းများ
    အနာကျက်မြန်စေရန် ပျားကော်အဆီအနှစ် ၂ မီလီလီတာနှင့်
    ပိုးကင်းစင်အောင် ပြုလုပ်ထားသော သဘာဝပျားရည် ၁၈ မီလီလီတာ တို့ကို ပေါင်းစပ်ထုတ်လုပ်ထားပါသည်။

    ဆေးဖက်ဝင်အာနိသင်များ
    ◆ ပျားကော်တွင် ဘက်တီးရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးတို့ကို သေစေနိုင်သော အာနိသင်ရှိပြီး အနာကျက်မြန်စေပါသည်။
    ◆ ပျားကော်သည် အနာများရောင်ရမ်းခြင်းကို လျော့နည်းစေပြီး အသားနုတက်မြန်စေပါသည်။
    ◆ ပျားရည်သည် အနာကို စိုစွတ်ချောမွေ့စေ၍ ဆေးထည့်သည့်အခါ နာကျင်မှုမရှိစေပါ။ အရည်ပူလောင်၊ မီးပူလောင်ဒဏ်ရာများတွင် သုတ်လိမ်းခြင်းဖြင့် အရည်ကြည်ဖုထွက်ခြင်းကို လျော့နည်းစေ၍ အမာရွတ်ထင်ကျန်မှုမှ ကင်းဝေးနိုင်ပါသည်။
    ◆ ပျားရည်တွင် ရောဂါဖြစ်စေသော ဘက်တီးရီးယားများ မပေါက်ပွားနိုင်၍ အနာတွင်းသို့ သုတ်လိမ်းခြင်းဖြင့် အနာရင်းခြင်းကို ကာကွယ်ပေးပါသည်။
    ◆ သဘာဝပျားရည်တွင် ပါဝင်သော ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် H2O2 သည် အနာဆွေးများကို ဖယ်ရှားပေးပြီး အသားနုတက်ခြင်းကို လျင်မြန်စေပါသည်။
    ◆ ပျားရည်တွင်ပါဝင်သော အင်ဇိုင်းဓာတ်များကလည်း အနာကျက်မြန်စေရန်အတွက် အထောက်အကူပြုပါသည်။
    ◆ Gram positive နှင့် Gram negative ဘက်တီးရီးယားပိုးအမျိုးမျိုးကို နှိမ်နင်းနိုင်သော အာနိသင်ရှိပါသည်။

    သုံးစွဲနိုင်သောရောဂါများ
    ◆ မီးလောင်၊ အရည်ပူလောင်ဒဏ်ရာများ
    ◆ ထိခိုက်ရှနာဒဏ်ရာနှင့် အသားနုတက်နေသောအနာ
    ◆ ပြည်တည်နာ
    ◆ အိပ်ရာနာ
    ◆ နှုတ်ခမ်းကွဲနာ၊ ပါးစပ်နာ
    ◆ ရေယုန်နာ

    အသုံးပြုပုံ
    ဆေးကို အနာပေါ်သို့ တစ်နေ့နှစ်ကြိမ် တိုက်ရိုက်သုတ်လိမ်းပေးနိုင်ပါသည်။ အနာကို ဆေးထည့်ပြီးလျှင် ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသော ဂွမ်း၊ ပတ်တီးတို့ဖြင့် ဖုံးအုပ်ထားနိုင်ပါသည်။ ပါးစပ်ထဲသို့ဝင်လျှင် အန္တရာယ်မရှိပါ။ ဆေးပုလင်းဝကို မည်သည့်အရာနှင့်မျှ မထိပါနှင့်။

    ဘေးထွက်ဆိုးကျိုး
    အချို့သောသူများတွင် ပျားကော်နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

    အသုံးမပြုသင့်သောအခြေအနေ
    ပျားထွက်ပစ္စည်းနှင့် ဓာတ်မတည့်သူများ အသုံးမပြုသင့်ပါ။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် အနာကျက်ပျားကော်ဆေးရည် (၂၀) မီလီလီတာ ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP