• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Pomegranate(တလည်းသီးဆေး)
Pomegranate(တလည်းသီးဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Pomegranate(တလည်းသီးဆေး)

SGD 10.00
    Description

    ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
    တလည်းသီးအဆီအနှစ် ………….. ၂ဝဝ မီလီဂရမ်

    ပါဝင်သော ဆေးဖက်ဝင်ဒြပ်ပေါင်းများ
    တလည်းသီးတွင် ဆေးဖက်ဝင်ဒြပ်ပေါင်း (၁၂၄) ခု ပါဝင်ပါသည်။ ယင်းတို့အနက်တွင် ပိုလီဖီနော အုပ်စုဝင်ဖြစ်ပြီး တလည်းသီးတွင်သာ တွေ့ရသည့် Ellagitannin တစ်မျိုးဖြစ်သော Punicalagin သည် အစွမ်းထက်ဆုံးဖြစ်သည်။ Punicalagin သည် မော်လီကျူး အရွယ်အစားကြီးသောကြောင့် သွေးထဲသို့ တိုက်ရိုက်မစုပ်ယူနိုင်ဘဲ အူလမ်းကြောင်းတွင် Ellagic acid နှင့် Urolithins အဖြစ်သို့ ပြောင်းလဲခြင်းခံရသည်။ ထို့နောက် ဆီးမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်သည်။

    ရရှိနိုင်သော အကျိုးကျေးဇူးများ
    သွေးကြောကျဥ်းခြင်းမှ ကာကွယ်ပေးခြင်း
    တလည်းသီးအဆီအနှစ်သည် သွေးကြောတွင်း သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်သော သဘာဝပစ္စည်းတစ်မျိုးဖြစ်ကြောင်း လေ့လာစမ်းသပ်ချက်များအရ သိရှိရသည်။ အဆီများစုပုံ၍ သွေးကြောနံရံများ မာကျောလာခြင်းကို ကာကွယ်ပေးပြီး နှလုံးသို့ သွေးစီးဆင်းလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။

    အဖုအကျိတ်များကို သက်သာစေခြင်း
    သုတေသန ပြုလုပ်ချက်များအရ တလည်းသီးအဆီအနှစ်သည် အဖုအကျိတ်ရောဂါများကို ကာကွယ်၊ ကုသရာ၌ အသုံးဝင်ကြောင်း တွေ့ရပါသည်။ ဆီးကျိတ်တွင် ဖြစ်ပွားနိုင်သော အဖုအကျိတ်များ ကြီးထွားလာခြင်းကို တားဆီးပေးပြီး PSA ပမာဏကို လျော့နည်းစေသည်။ မကောင်းသောကလာပ်စည်းများ ပွားများလာခြင်းကို ဟန့်တားပေးရုံသာမက ယင်းကလာပ်စည်းများ အလိုအလျောက် သေဆုံးခြင်းကိုလည်း အားပေးသည်။

    ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွားခြင်းကို တားဆီးနိုင်ခြင်း
    တလည်းသီးသည် ရောဂါဖြစ်စေသော ဘက်တီးရီးယားများ အထူးသဖြင့် Gram positive ဘက်တီးရီးယားများကို သိသိသာသာ ဆန့်ကျင်ဟန့်တားနိုင်သည်။ Punicalagin ဒြပ်ပေါင်း သည် S.aureus နှင့် P.aeruginosa ဘက်တီးရီးယားတို့ကို ဟန့်တားနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။

    အသားအရေကို လှပစေခြင်း
    သိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက်များအရ တလည်းသီး အဆီအနှစ်သည် အသားအရေ စိုပြေစေခြင်း၊ ကြည်လင်စေခြင်း၊ တင်းရင်းစေခြင်း နှင့် အစက်အပျောက် သက်သာစေခြင်း စသော အကျိုးကျေးဇူးများရှိကြောင်း သိရသည်။

    သုံးစွဲရန်ဆေးပမာဏ
    ၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာနှင့်သောက်ပါ။
    ၁၂ နှစ်အောက် ကလေးများ – ကျွမ်းကျင်သော သမားတော်နှင့် ပြပြီးမှ အသုံးပြုပါ။

    ဘေးထွက်ဆိုးကျိုး
    သတ်မှတ်ထားသော ပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှ ဆေးတောင့် (၆ဝ) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP