• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
LADYMAX™(လှပျိုဖြူ)
LADYMAX™(လှပျိုဖြူ)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

LADYMAX™(လှပျိုဖြူ)

SGD 10.00
    Description

    အသုံးပြုပုံ
    သေချာစွာသန့်စင်ပြီး ဝက်ခြံဖြစ်သည့်နေရာကို တစ်နေ့ နှစ်ကြိမ် မနက်၊ ည နေ့စဉ်လိမ်းပါ။
    အနည်းဆုံး (၆) ပတ်အထိ လိမ်းပေးရန် လိုအပ်ပါသည်။

    အာနိသင် ပိုမိုထက်မြက်စေရန် FAME Pharmaceuticals မှ ထုတ်လုပ်သော ဘိုင်အိုဗြူးတီး ရေညှိစိမ်း အယ်လ်ဖာဖာအားဆေး သဘာဝ-အေ ခရမ်းချဉ်သီးဆေး
    မင်းကွတ်သီးဆေး နှင့် လှပျိုဖြူဆေး တို့ကို သင့်လျော်သလို တွဲဖက်သောက်သုံးနိုင်ပါသည်။

    လှပျိုဖြူ – ဝက်ခြံလိမ်းဂျယ် သည် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားပိုးကို ထိရောက်စွာ နှိမ်နင်းပေးနိုင်၍ ရောင်ရမ်းခြင်းကိုသက်သာစေပြီး အမာရွတ်ထင်ကျန်မှုကိုလည်း လျော့နည်းစေနိုင်သည်။ ချွေးပေါက်များကို သမမျှတစေသောကြောင့် အဆီပြန်ခြင်းကိုလည်း လျှော့ချပေးနိုင်သည်။

    မုန်လာဥနီ အဆီအနှစ် သည် အရေပြားအပေါ်အလွှာကို အားဖြည့်ပေးပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေသည်။ ထို့ကြောင့် အရေပြားရှိ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပြီး အနာကျက်မြန်စေသည်။

    မာလကာအရွက် အဆီအနှစ် သည် အသားအရေကို ကြည်လင်စေ၍ အနာကျက်မြန်စေရန် လုပ်ဆောင်ပေးသည်။ ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားပိုးများကိုလည်း နှိမ်နင်းပေးနိုင်သည်။

    ဖန်ခါးသီး အဆီအနှစ် သည် အဆီထုတ်လုပ်ပေးသော ဂလင်းများကို ကျုံ့သွားစေသောကြောင့် မျက်နှာအဆီပြန်ခြင်းကို ဟန့်တားပေးနိုင်သည်။

    တမာရွက် အဆီအနှစ် သည် အသားအရေ အဆီပြန်ခြင်းကို လျှော့ချပေးပြီး ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကို ဟန့်တားနှိမ်နင်းပေးနိုင်သည်။ ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကိုလည်း မှေးမှိန်စေနိုင်သည်။

    ခရမ်းချယ်ရီပွင့် အဆီအနှစ် သည် အရေပြားတွင် အဆီအမြောက်အမြား ထုတ်လုပ်ခြင်းကို လျော့နည်းစေသောကြောင့် မျက်နှာအသားအရေအဆီပြန်ခြင်းကို သက်သာစေသည်။ ထို့အပြင် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားပိုးများ ပွားများခြင်းနှင့် အရေပြားရောင်ရမ်းခြင်းကိုလည်း ဟန့်တားပေးနိုင်သည်။

    ရှားစောင်းလက်ပပ် သည် အနာကျက်မြန်စေပြီး အမာရွတ်ထင်ကျန်မှုကို လျော့နည်းသက်သာစေသည်။

    Oleanolic acid သည် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး Nordihydroguaiaretic acid သည် အရေပြားရောင်ရမ်း ခြင်းနှင့် ဘက်တီးရီးယားပိုးများကို ဟန့်တားပေးနိုင်သည်။

    သတိပြုရန်
    လိမ်းပြီးဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာပါက ဆက်လိမ်းရန် မသင့်ပါ။

    ထားသိုရန်
    အေး၍ခြောက်သွေ့သောနေရာတွင် ထားသိုပါ။

    ထုပ်ပိုးပုံ
    တစ်ဘူးလျှင် ခရမ် (၄၀) ဂရမ် ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP