• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Herbicough®(ချောင်းဆိုးပျောက်ဆေးရည်)
Herbicough®(ချောင်းဆိုးပျောက်ဆေးရည်)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Herbicough®(ချောင်းဆိုးပျောက်ဆေးရည်)

SGD 5.00
    Description

    ဆေးတစ်ပုလင်းတွင် ပါဝင်သောဆေးပစ္စည်းများ
    ဆေးရည် (၁၀) မီလီလီတာတွင် ပင်စိမ်းရွက် ၁၀၀ မီလီဂရမ်၊ မုယားကြီးရွက် ၆၀ မီလီဂရမ်၊ နွယ်ချိုမြစ် ၆၀ မီလီဂရမ်၊ နနွင်းတက် ၅၀ မီလီဂရမ်၊ ဆင်တုံးမနွယ် ပင်စည် ၃၀ မီလီဂရမ်၊ ဇီယာရွက်ထူရွက် ၂၀ မီလီဂရမ်၊ ခရမ်းကစော့သီး ၂၀ မီလီဂရမ်၊ ဥသျှစ်ရွက် ၂၀ မီလီဂရမ်၊ စမုန်စပါးစေ့ ၂၀ မီလီဂရမ်၊ ချင်းတက် ၁၀ မီလီဂရမ်၊ ပိတ်ချင်းသီး ၁၀ မီလီဂရမ်၊ ငရုတ်ကောင်းစေ့ ၁၀ မီလီဂရမ်တို့မှ ထုတ်ယူရရှိသော ဆေးအဆီအနှစ်များနှင့် ပရုတ်အေး ၆ မီလီဂရမ်တို့ ပါဝင်ပါသည်။

    (ကျန်းမာရေးနှင့် ပိုမိုသင့်လျော်သော စတီးဗီးယား ရွက်ချိုမှုန့် သဘာ၀ အချိုဓာတ်ကို အသုံးပြုပြီး ပြောင်းလဲထုတ်လုပ်ထားပါသည်။)

    ဆေးဖက်ဝင်အာနိသင်များ
    ဆေးဖက်ဝင်အပင်များမှ ထုတ်ယူရရှိသည့် ဆေးအဆီအနှစ်များ၏ အစွမ်းထက်သော အာနိသင်များကြောင့် ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေပါသည်။

    သုံးစွဲနိုင်သောရောဂါများ
    အဆုတ်ရောင်၍ ချောင်းဆိုးခြင်း၊ အအေးမိတုပ်ကွေးဖြစ်၍ ချောင်းဆိုးခြင်းတို့တွင် ချွဲ၊ သလိပ်များကို ပျော်စေပြီး ချောင်းဆိုးခြင်းကို သက်သာစေပါသည်။

    သုံးစွဲရန်ဆေးပမာဏ
    ၂ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ၅ မီလီလီတာ၊
    ၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ၁၅ မီလီလီတာ၊ တစ်နေ့ လေးကြိမ် သောက်ပါ။

    ဘေးထွက်ဆိုးကျိုး
    သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်ပါက ဆေးကြောင့် အိပ်ငိုက်ခြင်း၊ မူးဝေခြင်းများ မရှိပါ။

    သတိပြုရန်
    ဆေးမသောက်မီ ပုလင်းအား သမအောင်လှုပ်ရန်။ ဆေးပုလင်းကို ဖွင့်ပြီးပါက တစ်လအတွင်းသုံးရန်။ အယ်ကိုဟောနှင့် လုံး၀ ဓာတ်မတည့်သူများ သတိပြုရန်။

    ထုပ်ပိုးပုံ
    ဆေးတစ်ပုလင်းလျှင် ချောင်းဆိုးပျောက်ဆေးရည် (၁၂၀) မီလီလီတာ ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP