• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
GreenTea(လက်ဖက်စိမ်းဆေး)
GreenTea(လက်ဖက်စိမ်းဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

GreenTea(လက်ဖက်စိမ်းဆေး)

SGD 14.00
    Description

    ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်း
    လက်ဖက်စိမ်း အဆီအနှစ်မှရသော EGCG ဒြပ်ပေါင်း …….. ၁၅၀ မီလီဂရမ်
    (ထိုလက်ဖက်စိမ်း အဆီအနှစ်တွင် Polyphenol အုပ်စုဝင်ဒြပ်ပေါင်း ၉၈% နှင့် catechin အုပ်စုဝင်ဒြပ်ပေါင်း ၈၀% ပါဝင်ပါသည်။)

    ဆေးဖက်ဝင်အာနိသင်များ
    Hepatitis C virus ကြောင့်ဖြစ်သော နာတာရှည် အသည်းရောင်ရောဂါအပေါ်တွင် အကျိုးသက်ရောက်မှု လက်ဖက်စိမ်းတွင် ပါဝင်သော အစွမ်းထက်ဆုံး epigallocatechin gallate (EGCG) ဒြပ်ပေါင်းသည် အသည်းရောင်အသားဝါ စီပိုး Hepatitis C virus တွယ်ကပ်မှုကို ဟန့်တားပေးခြင်းအားဖြင့် စီပိုး ဝင်ရောက်မှုနှင့် ဆဲလ်တစ်ခုမှ တစ်ခုသို့ ပြန့်ပွားခြင်းကို တားဆီးပေးသည်။ စီပိုးကြောင့် အသည်းပျက်စီးခြင်းနှင့် အသည်းအစားထိုးပြီးနောက် အသည်းအဆိပ်အတောက်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ သံဓာတ်များ၍ အသည်းထိခိုက်ခြင်းကိုလည်း လျှော့ချပေးနိုင်သည်။

    ကင်ဆာရောဂါအပေါ်တွင် အကျိုးသက်ရောက်မှု
    လက်ဖက်စိမ်းတွင် ပါဝင်သော catechin အုပ်စုဝင် ဒြပ်ပေါင်းများသည် ပုံမှန်ဆဲလ်များကိုသာ ကြီးထွားစေပြီး ကင်ဆာဆဲလ်များသို့ အာဟာရပေးသည့် သွေးကြောသစ်များ မဖြစ်စေရန် တားဆီးပေးသည်။ EGCG ဒြပ်ပေါင်းသည် ကင်ဆာဆဲလ်ကို တားဆီးပေးသော ပရိုတင်းများကို သိသိသာသာ မြင့်တက်စေသည်။ ထို့ကြောင့် အင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာဆဲလ် ပျံ့နှံ့ခြင်းကို ကာကွယ်ပေးခြင်းဖြင့် ကင်ဆာဆဲလ်ပွားနှုန်းကို ရပ်တန့်ပေးနိုင်သည်။ Catechin အုပ်စုသည် ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်နိုင်သော အစွမ်းထက်အာနိသင် ဒြပ်ပေါင်းများဖြစ်သည်။

    ဂျာမန်သုတေသနစာတမ်းအရ EGCG သည် အသည်းကင်ဆာဆဲလ်ပွားများခြင်းကို ထိထိရောက်ရောက် ဟန့်တားနိုင်စွမ်းရှိကြောင်း တွေ့ရသည်။ ထို့ပြင် ဦးခေါင်းနှင့် လည်ပင်း တစ်လျှောက်တွင်ဖြစ်သော ကင်ဆာဆဲလ်များ၊ အရေပြား ကင်ဆာဆဲလ်များ၊ ဆီးကျိတ်ကင်ဆာဆဲလ်များ၊ ရင်သားနှင့် သားအိမ် ကင်ဆာဆဲလ်များအပေါ်တွင်လည်း အကျိုးအာနိသင် ထက်မြက်ကြောင်းကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များ အရသိရှိရပါသည်။

    သုံးစွဲနိုင်သောရောဂါများ
    ◆ နာတာရှည် အသည်းရောင်စီရောဂါ
    ◆ မြစ်ပွားနာရောဂါ ကာကွယ်ရန်နှင့် ကုသရန်
    ◆ ခန္ဓာကိုယ်၌ ပိုလျှံနေသော အဆီများကို လျှော့ချပေးရန်

    သုံးစွဲရန်ဆေးပမာဏ
    ၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးတစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

    ဘေးထွက်ဆိုးကျိုးများ
    အချို့သောသူများတွင် ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ကောင်းစွာအိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်နိုင်ပါသည်။

    သတိပြုရန်
    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကျွမ်းကျင်သော သမားတော်နှင့် ပြပြီးမှ အသုံးပြုပါ။ လက်ဖက်စိမ်းတွင် ပါဝင်သော Tannins ဓာတ်ပစ္စည်းသည် သံဓာတ်စုပ်ယူမှုကို လျော့နည်းစေသောကြောင့် သံဓာတ်ပါဝင်သော ဆေးများနှင့် အနည်းဆုံး ၂ နာရီခြား သောက်သင့်သည်။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP