• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
Cholecrush®(သည်းခြေကျောက်ပျော်ဆေး)
Cholecrush®(သည်းခြေကျောက်ပျော်ဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

Cholecrush®(သည်းခြေကျောက်ပျော်ဆေး)

SGD 15.00
    Description

    ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
    ဆူးပန်းလုံး အဆီအနှစ် ၁၆၀ မီလီဂရမ်၊ ကြိတ်မှန်အဆီအနှစ် ၁၂၀ မီလီဂရမ်၊ ဆောင်းမေးခါးအဆီအနှစ် ၁၀၀ မီလီဂရမ်၊ ပဲပုပ်အဆီအနှစ် ၈၀ မီလီဂရမ်၊ ဆီးဖြူသီးအမှုန့် ၄၀မီလီဂရမ်

    ဆူးပန်းလုံး – ဆူးပန်းလုံးတွင် ပါဝင်သော silymarin ဒြပ်ပေါင်းသည် သည်းခြေရည်ပျော်ဝင်မှုကို ပိုမိုအားပေးသည့်နည်းဖြင့် သည်းခြေကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။ သည်းခြေကျောက်ရှိပါက ချေဖျက်ပေးနိုင်ပြီး လျော့နည်းသက်သာစေသည်။

    ကြိတ်မှန် – ဆေးဖက်ဝင်ဒြပ်ပေါင်းများဖြစ်သည့် wedelolactone, stigmasterol, β-sitosterol ESifh alkaloid ecliptine တို့ ပါဝင်ပါသည်။ ထိုဒြပ်ပေါင်းများသည် အသည်း၏ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စေသည်။ မကောင်းသောအဆီများ သည်းခြေရည်တွင် ပိုမိုပျော်ဝင်စေခြင်းဖြင့် အနည်ကျကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။

    ဆောင်းမေးခါး – Picroliv သည် iridoid glycoside အုပ်စုဝင် အစွမ်းထက်မြက်သည့် ဒြပ်ပေါင်းဖြစ်သည်။ HMG Co-A reductase အင်ဇိုင်းတစ်မျိုးကို ဟန့်တားပေးခြင်းဖြင့် အသည်းအတွင်း မကောင်းသော အဆီများ ထုတ်လုပ်မှုကို လျော့ကျစေသည်။ ယင်းသို့ဖြင့် သည်းခြေအိတ်ကျောက်များကို ပျော်ဝင်စေပြီး ကျောက်တည်ခြင်းကို ကာကွယ်ပေးပါသည်။

    ပဲပုပ်အဆီအနှစ် – Soy lecithin သည် အဆီကို ပျော်စေနိုင်သော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်တွင် lecithin ပမာဏ မလုံလောက်ပါက အဆီများအနည်ကျပြီး သည်းခြေကျောက်ဖြစ်နိုင်သည်။ Lecithin သည် phospholipid အမျိုးအစားဖြစ်ပြီး သည်းခြေရည်စီးဆင်းမှုကို ကောင်းမွန်စေသည်။ Lecithin နှင့် သည်းခြေရည်သည် သည်းခြေ၌ မကောင်းသောအဆီ စုပုံလာခြင်းကို လျှော့ချ ပေးခြင်းဖြင့် ကျောက်တည်ခြင်းကို ဟန့်တားပေးနိုင်သည်။

    ဆီးဖြူသီး – ဆီးဖြူသီးရှိ သဘာဝဗီတာမင်စီသည် မကောင်းသော အဆီများကို လျော့နည်းသွားစေသည့်အတွက် သည်းခြေအိတ်ကျောက်တည်ခြင်းကို လျော့နည်းစေပါသည်။

    သုံးစွဲနိုင်သောရောဂါများ
    သည်းခြေအိတ်ကျောက်တည်ခြင်း၊ သည်းခြေအိတ်နှင့် သည်းခြေပြွန်ရောင်ရမ်းခြင်း၊ ထပ်မံကျောက်တည်ခြင်းမှ ကာကွယ်ခြင်း။

    သုံးစွဲရန်ဆေးပမာဏ
    ၆ နှစ် မှ ၁၂ နှစ် အထိ – တစ်ခါသောက် ဆေးပြားတောင့် တစ်ဝက်၊ တစ်နေ့ သုံးကြိမ် အစာမစားမီ နာရီဝက်ကြို၍ သောက်ပါ။
    ၁၂ နှစ် နှင့် အထက် – တစ်ခါသောက် ဆေးပြားတောင့် တစ်တောင့်၊ တစ်နေ့ သုံးကြိမ် အစာမစားမီ နာရီဝက်ကြို၍ သောက်ပါ။
    သည်းခြေကျောက် အမျိုးအစား၊ အရွယ်အစားနှင့် အချိန်ကာလပေါ်မူတည်၍ စွဲပြီးသောက်နိုင်ပါသည်။
    ဆေးသောက်ပြီး ကျောက်မရှိတော့သူများ ထပ်မံမဖြစ်စေရန် တစ်နေ့လျှင် တစ်လုံး နံနက်အိပ်ရာထ အစာမစားမီသောက်ပါ။

    ဘေးထွက်ဆိုးကျိုး
    သတ်မှတ်ထားသော ဆေးပမာဏအတိုင်း သောက်သုံးပါက ကြီးမားသော ဘေးထွက်ဆိုးကျိုး မရှိပါ။ ဆူးပန်းလုံးနှင့် မတည့်သောသူများတွင်
    ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်။

    အသုံးမပြုသင့်သောအခြေအနေများ
    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သင့်ပါ။

    အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
    ဗီတာမင်စီ (သဘာဝ-စီ)၊ omega-3 fatty acid၊ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ (ဘိုင်အိုဖက်) နှင့် တွဲဖက် သုံးပါက အာနိသင် ပိုမို ကောင်းမွန်ပါသည်။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးပြားတောင့် (၆၀) ပါဝင်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP