• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
BeePollen (ပျားဝတ်မှုန်ဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

BeePollen (ပျားဝတ်မှုန်ဆေး)

SGD 10.00
    Description

    ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
    ပျားဝတ်မှုန် …………………..၂၅၀ မီလီဂရမ်
    ခရမ်းချဉ်သီးအမှုန့် ………….၅၀ မီလီဂရမ်

    သုံးစွဲနိုင်သောရောဂါများ
    ၁။ ဆီးကျိတ်ရောင်ခြင်း
    ပျားဝတ်မှုန်သည် ဆီးကျိတ်ကြီးထွားလာမှုကို အားပေးသော DHT ဟော်မုန်းအား တားဆီးပေးခြင်းဖြင့် ဆီးကျိတ်ရောင်ခြင်းကို သက်သာစေပါသည်။ ဆီးအိတ်ကြွက်သားများ တင်းကျုံ့မှုကို လျော့နည်းစေ၍ ဆီးသွားရလွယ်ကူစေသည်။

    ၂။ အာဟာရဓာတ်လျော့နည်းခြင်း
    ပျားဝတ်မှုန်တွင် လူတစ်ယောက်အတွက် လိုအပ်သော အာဟာရဓာတ်များ ပေါကြွယ်ဝစွာ ပါဝင်ပါသည်။ အသားဓာတ် ၂၅% ပါဝင်ကာ အမိုင်နိုအက်ဆစ် (၂၂) မျိုးအထိ ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် မရှိမဖြစ် အဆီဓာတ်များ၊ ကာဘိုဟိုက်ဒြိတ်နှင့် ဗီတာမင်ဓာတ်များ စုံညီစွာပါဝင်ပါသည်။ ခန္ဓာကိုယ်အတွက် အရေးပါသော အင်ဇိုင်းဓာတ်များ၊ သွေးကြောများ ခိုင်မာစေသော Rutin ခေါ် ဓာတ်ပစ္စည်း၊ အရောင်ကျစေသော ဓာတ်ပစ္စည်းများလည်း များစွာ ပါဝင်ပါသည်။

    ၃။ ကာမဆန္ဒအားနည်းခြင်း
    ပျားဝတ်မှုန်တွင် မျိုးပွားအင်္ဂါများကို အားပေးလှုံ့ဆော်ပေးသော သဘာဝဟော်မုန်းဓာတ်များ ပါဝင်ပါသည်။

    ၄။ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူစဉ် ခံစားရသည့် ဘေးထွက်ဆိုးကျိုးများ
    ပျားဝတ်မှုန်သည် မြစ်ပွားနာဝေဒနာရှင်များ ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့် ခံစားရသော မူးဝေခြင်း၊ အိပ်မပျော်ခြင်းနှင့်
    ဆီးလမ်းကြောင်းဝေဒနာများကို လျော့နည်းသက်သာစေပါသည်။

    သုံးစွဲရန်ဆေးပမာဏ
    ၁။ ပုံမှန် မနက်တစ်တောင့် ညနေတစ်တောင့် အစာစားပြီး သောက်ပါ။
    (၁၂ နှစ်အောက် ကလေးများ တစ်နေ့ တစ်တောင့်သာ သောက်ရန် လိုပါသည်။)
    ၂။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တားစေလိုပါက မနက်၂ တောင့်၊ ညနေ ၂ တောင့် အစာစားပြီးသောက်ပါ။
    ၃။ ဆီးကျိတ်ရောင်ခြင်းအတွက် တစ်ခါသောက် ၂ တောင့်၊ တစ်နေ့ သုံးကြိမ် နှင့် ၆ လ ဆက်တိုက်သောက်ပါ။
    ၆ လ ကျော်လျှင် တစ်ခါသောက် ၂ တောင့်၊ တစ်နေ့ နှစ်ကြိမ် ဆက်သောက်ပါ။
    ၄။ မြစ်ပွားနာရောဂါသည်များ ဓာတ်ကင်ပြီး အသုံးပြုလိုပါက တစ်ခါသောက် ၁၀ တောင့် တစ်နေ့ နှစ်ကြိမ် သောက်ပါ။
    (ဓာတ်မကင်မီ တစ်ပတ်ကြိုသောက်ပါ။ ဓာတ်ကင်ပြီး တစ်ပတ်ကြာသည်အထိ ဆက်သောက်ပါ။)

    ဘေးထွက်ဆိုးကျိုး
    အချို့သောသူများတွင် ပျားဝတ်မှုန်နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်မှလွဲ၍ ကြီးမားသော ဘေးထွက်ဆိုးကျိုးမရှိပါ။

    သတိပြုရန်
    ပန်းနာရင်ကျပ်ရှိသူများနှင့် ဆေးမတည့်တတ်သူများတွင် ဆေးအနည်းငယ်မှ စတင်စမ်းသောက်ရန်။

    အသုံးမပြုသင့်သောအခြေအနေ
    ပျားဝတ်မှုန်နှင့် မတည့်သူများ မသောက်သုံးသင့်ပါ။

    အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
    ဆီးကျိတ်ရောဂါကို ကုသရာတွင် ပျားဝတ်မှုန်ဆေး ၂၅၀ မီလီဂရမ် (တစ်ခါသောက် နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ်) နှင့်
    ဆီးကျိတ်ရောဂါဆေး ၁၆၀ မီလီဂရမ် (တစ်ခါသောက် တစ်ပြား၊ တစ်နေ့ နှစ်ကြိမ်) ဆေးကို တွဲဖက်သောက်သုံးပါက ပို၍ အာနိသင်ထက်မြက်ပါသည်။

    ထုပ်ပိုးပုံ
    ဆေးတစ်ကတ်လျှင် ဆေးတောင့် (၁၀) တောင့်၊ ဆေးတစ်ဘူးလျှင် ဆေးကတ် (၃) ကတ် ပါဝင်ပါသည်။
    ဆေးတောင့် (၆၀) ဝင် ဆေးဘူးနှင့်လည်း ထုတ်လုပ်ပါသည်။

    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP