• +65 84662917
  • Mon-Sat FROM 10AM TO 10PM Sun FROM 8AM TO 10PM
SawPalmetto (ဆီးကျိတ်ရောဂါဆေး)
SawPalmetto (ဆီးကျိတ်ရောဂါဆေး)
  • SKU:
  • Availability: in stock Many in stock Out of stock You can purchase this product but it's out of stock

SawPalmetto (ဆီးကျိတ်ရောဂါဆေး)

SGD 12.00
    Description

    ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်း
    ဆေးထန်းပင်အသီး အဆီအနှစ် …………. ၁၆၀ မီလီဂရမ်

    ဆေးထန်းပင်အား ရှေးယခင်ကတည်းကပင် ဆီးရွှင်စေခြင်းကြောင့် ဆီးဆေးအဖြစ် သုံးစွဲခဲ့ကြပြီး အသက်ကြီးသော အမျိုးသားများအတွက် မိတ်ဆွေဟုပင် သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်။ ၂၀ ရာစုဦးပိုင်းတွင် ဆေးပညာရှင်များသည် ဆီးကျိတ်နှင့် ပတ်သက်သည့် အမျိုးမျိုးသောရောဂါတို့၌ ဆေးထန်းပင်အား အသုံးပြုလာခဲ့ကြပြီး ယခုအခါ ဆီးကျိတ်ကြီးရောဂါအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးအဖြစ် အတည်ပြုလက်ခံလာခဲ့ကြသည်။

    ဆေးဖက်ဝင်အာနိသင်များ
    ဆေးထန်းပင် အဆီအနှစ်သည် ကောင်းမွန်သော အဖိုဟော်မုန်းအား အန္တရာယ်ပေးနိုင်သော DHT သို့ ပြောင်းသည့် အင်ဇိုင်းများကို ဟန့်တားစေခြင်းဖြင့် DHT ဟော်မုန်းများကို နည်းစေခြင်း၊ DHT ဟော်မုန်းနှင့် receptor များ ပူးပေါင်းခြင်းကို တားဆီးစေခြင်းဖြင့် ဆီးကျိတ်ကြီးခြင်းကို ကာကွယ်ပေးပါသည်။ ဆေးထန်းပင်သည် cyclooxygenase နှင့် 5-lipoxygenase အင်ဇိုင်းများ၏ စွမ်းဆောင်မှုကို ကာကွယ်ပေးသဖြင့် ရောင်ရမ်းခြင်းကို သက်သာစေသည့် အစွမ်းသတ္တိရှိသောကြောင့် ဆီးကျိတ် ရောင်ခြင်းနှင့်အတူ ဆီးလမ်းကြောင်း ရောင်ရမ်းခြင်းကိုပါ သက်သာစေသည်။

    သုံးစွဲနိုင်သောရောဂါများ
    အမျိုးသားများတွင် ဖြစ်တတ်သည့်
    ◆ ဆီးကျိတ်ကြီးရောဂါ
    ◆ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်း
    ◆ ကာမဆန္ဒအားနည်းခြင်း
    ◆ ညဘက်ဆီးမကြာခဏသွားခြင်း

    သုံးစွဲရန်ဆေးပမာဏ
    အရွယ်ရောက်ပြီး အမျိုးသားများ – တစ်ခါသောက် ဆေးတစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။ အသက်ခြောက်ဆယ်ကျော်ပြီး ဆီးကျိတ်ကြီးသည့် အမျိုးသားများသည် ဆီးကျိတ်ရောင်ရောဂါ၏ လက္ခဏာများ သက်သာသွားသော်လည်း ဆီးကျိတ်ရောဂါဆေးအား ဆက်၍သောက်ရပါမည်။

    ဘေးထွက်ဆိုးကျိုးများ
    အချို့သောသူများတွင် မူးဝေပျို့အန်ခြင်းတို့ ဖြစ်နိုင်ပါသည်။

    အသုံးမပြုသင့်သောအခြေအနေများ
    ၁၂ နှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသောက်သုံးရပါ။

    အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
    ဆေးထန်းပင် (ဆီးကျိတ်ရောဂါဆေး) နှင့် ပျားဝတ်မှုန် (ပျားဝတ်မှုန်ဆေး) တို့ကို တွဲဖက်သောက်သုံးပါက ပို၍ အာနိသင်ထက်မြက်ပါသည်။

    အခြားသောဆေးများနှင့် ဓာတ်ပြုမှု
    ဆေးထန်းပင်သည် ဟော်မုန်းများအပေါ်တွင် အကျိုးသက်ရောက်မှုရှိခြင်းကြောင့် ဟော်မုန်းပါသော ဆေးများကို သောက်သုံးလိုပါက ကျွမ်းကျင်သော သမားတော်နှင့်ပြသပြီး ဆေး၏ပမာဏကို ချိန်ဆရန်လိုပါသည်။

    ထုပ်ပိုးပုံ
    ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

    ဆေးထန်းပင်အဆီအနှစ်၏ သဘာဝအရ ထားသိုစဥ်အတွင်း အနံ့ပိုမို စူးရှလာပါသည်။

    COMPOSITION:
    Each tablet contains
    Standard extract of Saw palmetto (Serenoa repens) berries ........ 160 mg

    PHARMACOLOGICAL ACTIONS:
    • Anti-androgenic effect
    • Anti-estrogenic effect
    • Anti-inflammatory effect

    PHARMACOLOGICAL ACTIONS:
    • Decreased the hypertrophic and hyperplastic activity of prostate gland
    • Increased urinary flow
    • Decreased frequency of urination
    • Reduced discomfort associated with BPH and inflammation of urinary tract
    • Increased sperm production and sexual activity

    INDICATIONS:
    • Prevention and treatment of BPH
    • Inflammation of the urinary tract and urinary bladder 
    • Impotency, low libido
    • Nocturnal enurensis

    DOSAGE: (Adult)
    One tablet two times daily after meal. It is better to continue treatment although the signs and symptoms of BPH is relieved especially in man over 60. Otherwise, the prostate gland may gradually enlarge and symptoms will appear again.

    DRUG INTERACTION:
    SawPalmetto can be used together with BeePollen in case of BPH, for obtaining their synergistic effect. SawPalmetto is believed to excert estrogen, androgen and α-adrenergic blocking effects, using hormone like drugs or adrenergic drugs concomitantly may need to be adjusted.

    QUANTITY SUPPLIED:
    60 tablets per bottle

    A/U: 60's
    Remark: 14.3
    Reviews

    Customer Reviews

    Be the first to write a review
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    0%
    (0)
    BACK TO TOP