No Products in the Cart
ပန်းတွေပွင့်ဖို့စောင့်ရချိန် (book review)
[‘ပန်းတွေပွင့်ဖို့စောင့်ရချိန်’ သည် လက်တွေ့ဆန်သောဝတ္ထုဖြစ်သည်။ ဇာတ်လမ်းက တရုတ်နဲ့ အိန္ဒိယ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည် ။ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာသော ငယ်ဘဝအခက်အခဲများ ၊ မိသားစုအရင်းအချာ၏သစ္စာဖောက်မှု ၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှင့် မူးယစ်ဆေးအလွဲသုံးမှုများကြောင့် ဇာတ်ဆောင် သည် ပြင်းထန်သော စိတ်ဓာတ်ကျခြင်းကို ခံစားခဲ့ရသည်။ သူမသည် နာကျင်စွာ ရုန်းကန်နေရပြီး သူ့ကိုယ်သူ ကယ်တင်ရန် နည်းလမ်းများကို ရှာဖွေခဲ့ရပါသည်။ နောက်ဆုံးမှာတော့ သူမသည် နှင်းများထူထပ်သောတောင်ပေါ်ခရီးတစ်ခုနှင့်အတူ သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့သည်။
ဤဝတ္ထုသည် သူမ၏ မိသားစုနှင့် သူငယ်ချင်းများ၏ မတူညီသော ဘဝအတွေ့အကြုံများကိုရောယှက်ထားပြီး လူသားများအပေါ် စစ်ပွဲနှင့် မူးယစ်ဆေးဝါး၊နှိပ်စက်ညှဉ်းပန်းမှုများနှင့် ဖျက်ဆီးခြင်းတို့ကို ရောင်ပြန်ဟပ်ကာ ငြိမ်းချမ်းရေးရရှိရန်၊ မူးယစ်ဆေးဝါးပြန့်ပွားမှုကို ရပ်တန့်ရန်နှင့် ပျော်ရွှင်သောဘဝတစ်ခုကို ရယူရန် လူသားတို့၏ ဘုံဆန္ဒကို ဖော်ပြသည့် ဝတ္ထုဖြစ်သည်။]
🌸မြန်မာဘာသာဖြင့်ထုတ်ဝေခြင်း-၂၀၁၈ခုနှစ် ၊ နိုဝင်ဘာ
🌸တရုတ်ဘာသာဖြင့်ထုတ်ဝေခြင်း-၂၀၂၅ခုနှစ် ၊ ဇွန်